ရသေ့တောင်မြို့၌ Grade-5 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရသေ့တောင်မြို့၌ Grade-5 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကျင်းပ








MNP  ၊ မေ ၁၀

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် (၂၀၂၂-၂၀၂၃)ပညာသင်နှစ်၊ Grade-5 (သင်ရိုးသစ်) မြို့နယ်အဆင့်ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့၊ နံနက်(၉)နာရီကရသေ့တောင်(အထက)(၂)အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးထွန်း‌ ချေက တိုးတက်ပြောင်းလဲ လာသော ပညာရေးစနစ်နှင့်အညီ အခြေခံပညာမူလတန်းပညာရပ်သည် အဓိကအက္ခရာကျပါ ကြောင်း၊ ဆရာ၊ ဆရာမတို့အနေနဲ့ Grade-5 (သင်ရိုးသစ်) သင်ရိုးညွှန်းတမ်းများကို နည်းစနစ်တကျ သင်ကြား၊ သင်ယူကြပါရန် လမ်းညွှန်မှာကြားခဲ့ပြီး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦး‌ မောင်ဝင်းညွန့်က သင်တန်းနည်းပြဆရာများနှင့်သင်တန်းသား ဆရာ/မတို့အား သင်တန်း၏ စည်းမျဉ်း၊ စည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါသင်တန်းသို့ ရ‌သေ့တောင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ဆရာ၊ ဆရာမ  (၉၀၉)ဦး၊ တက်ရောက်ကြပြီး၊ သင်တန်းနည်းပြဆရာ/ မ ၆၀ ဦးတို့က Grade-5 (သင်ရိုးသစ်) သင်ရိုးညွှန်းတမ်း အတိုင်း (၄)ရက်ကြာ သင်ကြားပို့ချပေးလျက် ရှိကြောင်းသိရသည်။


သတင်း - ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)