အခြေခံပညာ မူလတန်ဆင့် (Grade -5)သင်ရိုးသစ်မြို့နယ်ဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အခြေခံပညာ မူလတန်ဆင့် (Grade -5)သင်ရိုးသစ်မြို့နယ်ဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်






MNP ၊ မေ  ၁၀

 ပေါင်မြို့နယ်တွင်အခြေခံပညာမူလတန်းဆင့်(Grade-5) သင်ရိုးသစ်မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကို မေ(၁၀)ရက် နံနက်(၉)နာရီက  အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမဆောင်၌ကျင်းပခဲ့သည်။

အခမ်းအနားတွင်မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေး က ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲရေးအတွက်ကလေးသူငယ်များပညာသင်ယူနိုင်မည့်အခွင့်အလမ်းမြင့်မားရေးကိုဦးတည်ပြီးအမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းရည်မှန်းချက်(၉)ရပ်ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊အခြေခံပညာရေးစနစ်ကို(KG+12)အစီအစဉ်ဖြင့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှစတင်ပြီး သင်ရိုးပြုပြင်ပြောင်းလဲပေးခဲ့သည်မှာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပြီးစီးနိုင်ရေး ဆောင်ရွက်ရန်ဖြစ်သော်လည်း  ၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် မူလတန်းအဆင့် ပဉ္စမတန်း(Grade-5)၊ အလယ်တန်းဆင့်အဋ္ဌမတန်း(Grade-8)၊ အထက်တန်းဆင့်ဧကဒသမတန်း(Grade-11)တို့ကို သင်ရိုးညွှန်းတမ်း အသစ်များဖြင့် သင်ကြားသင်ယူမှု ဆောင်ရွက်နိုင်ရေးအတွက် ယခု မူလတန်းဆင့်အဋ္ဌမတန်း(Grade-5) သင်ရိုးသစ်သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ ကလေးများအတွက် အရည်အသွေးအာမခံမှုရှိသော ပညာရေးစနစ်ကို အကောင်အထည် ဖော်ရာတွင် မြို့နယ်အဆင့်(Grade-5) သင်ရိုးသစ်ဆင့်ပွားသင်တန်းကို လာရောက်ကြသည့်ဆရာ၊ဆရာမများ အနေဖြင့် သင်ရိုးညွှန်းတမ်းကို ပိုင်နိုင်စေရန် သင်တန်းကာလအတွင်း ကြိုးစားပမ်းစား လေ့လာဆည်းပူး ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

အဆိုပါ အခြေခံပညာအလယ်တန်းဆင့်(Grade-5)သင်ရိုး မြို့နယ်ဆင့် ဆင့်ပွားသင်တန်းတွင် နည်းပြ (၅၈)ဦး ၊ ဆရာ၊ဆရာမ(၉၀၁)ဦးတက်ရောက်ခဲ့ပြီး မေလ(၁၀)ရက်နေ့မှ (၁၃)ရက်နေ့အထိ သင်ကြားဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


သတင်း - မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)