ချောက်၌ အခြေခံပညာသင်ရိုးသစ် Grade-8 မြို့နယ်အဆင့် (face to face) သင်တန်းဖွင့်လှစ် ပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောက်၌ အခြေခံပညာသင်ရိုးသစ် Grade-8 မြို့နယ်အဆင့် (face to face) သင်တန်းဖွင့်လှစ် ပို့ချ

 



MNP - မေ   ၁၆


ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာသင်ရိုးသစ် Grade-8 မြို့နယ်အဆင့် (face to face) သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်က အထက(၁) မြရိပ်ညိုခန်းမ၌ ကျင်းပသည်။


အဆိုပါ သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူးဒေါ်ခင်လေးဖြူက ကျောင်းသား၊ ကျောင်းသူများ တီထွင်ဖန်တီးတတ်စေရန်၊ အတွေးအခေါ် ကောင်းများ ရှင်သန်စေရန်၊ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးတတ်စေရန်၊ လက်တွေ့ကျကျ အကောင်အထည် ဖော်တတ်စေရန်နှင့် ဆရာ၊ ဆရာမများ သင်ကြားပို့ချမှုများ အရည်အသွေးကောင်းမွန်စေရန် ရည်ရွယ်၍ သင်ရိုးသစ် (Grade–8) ဆင့်ပွားသင်တန်းကို သင်ကြားပို့ချရခြင်း ဖြစ်ကြောင်း သင်တန်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်း ပြောကြားခဲ့သည်။


သင်တန်းတွင် တိုင်းအဆင့် (face to face) သင်တန်းတက်ရောက်ခဲ့သော ဆရာ၊ ဆရာမ နည်းပြ (၃၄) ဦးမှ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ သိပ္ပံ၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ကာယပညာ ဘာသာရပ်များကို မေလ ၁၆ ရက်မှ ၁၈ ရက်နေ့ထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီချိန်ထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း၊ အခြေခံပညာအလယ်တန်းဆင့် သင်တန်းသား / သူ ဆရာဆရာမများ (၄၈၆) ဦး တက်ရောက် လျက်ရှိကြောင်း သိရသည်။


အဆိုပါ သင်တန်းကို မြို့နယ်ပညာရေးမှူးနှင့် ဒုတိယမြို့နယ်ပညာရေးမှူးများ၊ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။


သတင်း - ကျော်မိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)