ပင်လောင်းမြို့နယ်တွင် (Grade-8) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လောင်းမြို့နယ်တွင် (Grade-8) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်




MNP - မေ   ၁၆


ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် (Grade-8)သင်ရိုးသစ် မြို့နယ်အဆင့် ဆင်ပွားသင်တန်းကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းများတွင် ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။


သင်တန်းတွင် မြန်မာစာဘာသာရပ်၊ အင်္ဂလိပ်စာ ဘာသာရပ်၊ သမိုင်းဘာသာရပ်၊ သင်္ချာဘာသာရပ်၊ အနုပညာ(ဂီတ)ဘာသာရပ်၊ ပထဝီဘာသာရပ်၊ ကာယပညာဘာသာရပ်၊ စရိတ္တနှင့်ပြည်သူ့နီတိဘာသာရပ်များကို သင်တန်းနည်းပြ ဆရာ/ဆရာမ (၂၅)ဦးက သင်ကြားပို့ချပေးမည်ဖြစ်ပြီး၊ သင်တန်းသားဆရာ/ဆရာမ (၅၀၉) ဦးတက်ရောက်ခဲ့ကြကြောင်း၊ အဆိုပါသင်တန်းကို မေလ ၁၆ ရက်နေ့မှ မေလ ၁၈ ရက်နေ့ထိ သင်တန်းကာလ ၃ ရက်ကြာ သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)