မအီမြို့တွင် မြောက်ဦးဆရာတော်ပူဇော်ပွဲအထိမ်းအမှတ် အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် မြောက်ဦးဆရာတော်ပူဇော်ပွဲအထိမ်းအမှတ် အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ







MNP ၊   မေ  ၁၆

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဝနဝါသီအရှင်ဝါယာမိန္ဒ(အဂ္ဂမဟာကမ္မဌာနာစရိယ)၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာများ၏ နာယကချုပ်၊ မြောက်ဦးဆရာတော်ဘုရားကြီးအား ဂုဏဝိသိဌပူဇော်ပွဲအထိမ်းအမှတ်အနေဖြင့် ပူဇော်ကျင်းပသည့် အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲကို ယမန်နေ့ညနေပိုင်းက မအီမြို့၊ အထက်ကျောင်းရှေ့ အားကစားကွင်းတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း အဆိုပါပြိုင်ပွဲကျင်းပရေးကော်မတီကသိရသည်။


ဖော်ပြပါ အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ကိုဇော်ဝင်းဌေးအသင်းနှင့် Maei Youth အသင်းတို့က ယှဉ်ပြိုင်ကစားခဲ့ကြရာတွင် ကိုဇော်ဝင်းဌေးအသင်းက အနိုင်ရဗိုလ်စွဲခဲ့ကြောင်းသိရသည်။ ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားကို မအီမြို့၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာကျောင်း၌ ည(၈)နာရီအချိန်တွင်ကျင်းပခဲ့ရာ ဆုရရှိသည့်အသင်းများအား အဆိုပါဓမ္မရိပ်သာကျောင်းမှ ဆရာတော် ဘန္ဒန္တခေမာစာရက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။


အဆိုပါပြိုင်ပွဲကို ကဆုန်လဆန်း(၁၁)ရက်၊ (၁၀-၅-၂၀၂၂)ရက်နေ့က ပြိုင်ပွဲဝင်အသင်း(၁၀)သင်းဖြင့် အုပ်စုA အုပ်စုB ခွဲ၍ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း၊ အသင်းတစ်သင်းလျှင် အသင်းဝင်ကြေး(၁၅၀၀၀)ကျပ်စီဖြင့်အသင်းတစ်သင်းလျှင် ကစားသမား(၇)ဦးဖြင့်ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆုကြေးများအနေဖြင့် ပထမဆု(၂၀၀၀၀၀)ကျပ်၊ ဒုတိယဆု(၁၀၀၀၀၀)ကျပ်နှင့် တတိယဆု(၅၀၀၀၀)ကျပ်စီဖြင့် ချီးမြှင့်ခဲ့ပြီး အကောင်းဆုံးဂိုးသမားဆုနှင့် ဂိုးသွင်းအများဆုံးဆုတို့ကိုလည်း အပိုဆောင်းအနေဖြင့်ချီးမြှင့်ခဲ့ပါကြောင်း၊ ပထမဆုကို ကိုဇော်ဝင်းဌေးအသင်းကရရှိခဲ့ပြီး ဒုတိယဆုကို Maei Youth အသင်းနှင့် တတိယဆုကို 1 Liter အသင်းကရရှိခဲ့ပါကြောင်း အဆိုပါပြိုင်ပွဲကျင်းပရေးကော်မတီမှ ကိုကျော်စွာထွန်းကပြောကြားခဲ့သည်။


သတင်း - မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)