MNP ၊ မေ ၁၇
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade- 8 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားလျှက်ရှိကြောင်း သိရသည်။
သင်တန်းတွင် သထုံမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ/ဆရာမစုစုပေါင်း(၄၅၈)ဦးတို့အား သင်ရိုးသစ် ဗဟိုအဆင့် နည်းပြ Online သင်တန်းတက်ရောက်ခဲ့ကြသည့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး (၂၂) ဦးတို့က နည်းပြအဖြစ်ပြန်လည်ဆင့်ပွား ပို့ချပေးသွားကြမည်ဖြစ်သည်။
အဆိုပါသင်တန်းကို မေလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၃ ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊သင်္ချာ၊သိပ္ပံ၊လူမှုရေး၊စာရိတ္တနှင့်ပြည်သူ့နီတိ နှင့် ကာယပညာ ဘာသာရပ် (၇)မျိုးတို့ကို နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သထုံမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သတင်း - ကိုကိုဦး
https://t.me/MyanmarNationalPost




No comments:
Post a Comment