MNP ၊ မေ ၁၇
မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြိုနယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန တို့ပူးပေါင်းပြီး မေ(၁၇) ရက်နေ့ ၊ နံနက် ပိုင်းက အမျိုးသမီးများအကြမ်းဖက်မှ တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကိုကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် ကျိုက်ထိုမြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က အသိ ပညာပေး ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကျိုက်ထိုမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မှ ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူခင် က အမျိုးသမီးများအားအကြမ်းဖက်မှုဆိုသည်မှာ၊ အမျိုးသမီးများအားအကြမ်းဖက်မှုမှကာကွယ်နိုင်မည့်နည်းလမ်းများ၊ကျား/မ အခြေပြုအကြမ်းဖက်မှု၊အန္တရာယ်ပိုများစေသောအဓိကအချက်များ စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ ကြောင်းသိရသည်။
သတင်း - အေးယုဝေ(ကျိုက်ထို)
https://t.me/MyanmarNationalPost

No comments:
Post a Comment