MNP ၊ မေ ၁၆
တနင်္သာရီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ ထားဝယ်မြို့၌လုပ်ငန်းခွင်မပျက်(On Job Training) စာရင်းရေးစာရင်းကိုင် သင်တန်း အမှတ်စဉ် (၁/၂၀၂၂)ဖွင့်ပွဲကိုယနေ့နံနက်ပိုင်းတွင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ဖွင့်ပွဲတွင်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်စိုးမင်း က ဦးစီးဌာနရှိသင်တန်း နည်းပြဝန်ထမ်း များအနေဖြင့် ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှ သင်ကြားပြသပေးရန်လိုအပ်ကြောင်း၊ သင်တန်းများအနေဖြင့်လည်း သင်တန်း မှ ပို့ချပေးသောဘာသာရပ်များကိုစိတ်ပါဝင်စားစွာ သင်ယူလေ့လာသွားရန်လိုအပ်ကြောင်းပြောကြားသည်။
သင်တန်းတွင်တိုင်းဒေသကြီးနှင့်မြို့နယ်ရုံးများမှ ဝန်ထမ်းသင်တန်းသားများအားနေ့စဉ်နံနက် (၉:၀၀) နာရီ မှ (၁၂:၀၀)နာရီအချိန်ထိ(၁)လ ကြာစာတွေ့လက်တွေ့သင်ကြားပို့ချပေးမှာဖြစ်ကြောင်းသိရသည်။
သတင်း - ရွှေပင်လယ်(ထားဝယ်)
https://t.me/MyanmarNationalPost

No comments:
Post a Comment