(၃၁) ကြိမ်မြောက် SEA Games အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မြန်မာအမျိုးသမီး ဘောလုံးအသင်း အကြိုဗိုလ်လုပွဲယှဉ်ပြိုင်မှုအား MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည် - Myanmar National Post

Myanmar National Post

News Agency

Breaking

(၃၁) ကြိမ်မြောက် SEA Games အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မြန်မာအမျိုးသမီး ဘောလုံးအသင်း အကြိုဗိုလ်လုပွဲယှဉ်ပြိုင်မှုအား MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်



MNP ၊ မေ  ၁၆

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိသည့် မြန်မာအမျိုးသမီးဘောလုံးအသင်းသည် အကြိုဗိုလ်လုပွဲသို တက်ရောက်သွားပြီဖြစ်ပါသည်။

အဆိုပါ အကြိုဗိုလ်လုပွဲများကို ၂၀၂၂ ခုနှစ်၊ မေလ (၁၈) ရက်တွင် ကျင်းပမည်ဖြစ်ရာ မြန်မာအမျိုးသမီး ဘောလုံးအသင်းနှင့် အိမ်ရှင်ဗီယက်နမ်အမျိုးသမီးဘောလုံးအသင်း၊ ထိုင်းအမျိုးသမီးဘောလုံးအသင်းနှင့် ဖိလစ်ပိုင် အမျိုးသမီးဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသည်။

အဆိုပါ မြန်မာအမျိုးသမီးဘောလုံးအသင်းနှင့် အိမ်ရှင် ဗီယက်နမ်အမျိုးသမီးဘောလုံးအသင်းတိုhသည် မေလ (၁၈) ရက် မြန်မာစံတော်ချိန် ညနေ (၆:၃၀) အချိန်တွင် ယှဉ်ပြိုင်ကြမည်ဖြစ်ရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV-HD Channel မှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)