ပေါင်မြို့နယ်ရုံးလူထုအခြေပြုဗဟိုပြု (Community Centre)တွင် လူကုန်ကူးမှုတားဆီကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင် ပြပွဲဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်ရုံးလူထုအခြေပြုဗဟိုပြု (Community Centre)တွင် လူကုန်ကူးမှုတားဆီကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင် ပြပွဲဆောင်ရွက်



MNP ၊ မေ ၁၇     

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်ရုံးတွင် ကျောင်းသားလူငယ်များ  လူကုန်ကူးမှုအန္တရာယ်ကို သိရှိစေရန်နှင့်ရှောင်ကြည်နိုင်စေရန်အတွက် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ကို ပေါင်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ယနေ့နေ့လည်ပိုင်းကကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါနံရံကပ်စာစောင်တွင် လူကုန်ကူးမှုအကြောင်းသိကောင်းစရာများ၊ လူကုန်ကူးမှုပုံစံများ၊ နည်းလမ်းများ၊ ခံစားရမည့်ဆိုးကျိုးများ၊ ကြိုတင်ကာကွယ်ခြင်းများ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၏ ရည်ရွယ်ချက် (၄)ရပ်၊ ပြည်ပသို့ထွက်ခွါပြီး အလုပ်လုပ်တော့မည်ဆိုရင်သိထားရမည့်အချက်များ၊ လူကုန်ကူးမှုပပျောက်ရေး ပြည်သူအားလုံးပါဝင်ပေးစသည့်အချက်များပါဝင်သည့် နံရံကပ်စာစောင်များကို  ပြသထားရှိရာ ကျောင်းသား/ ကျောင်းသူများနှင့်လူငယ်များက လာရောက်လေ့လာ မှတ်သားကြကြောင်း သိရှိရသည်။


သတင်း - မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)