မြောက်ဦးမြို့ ၌ (၉၄) ကြိမ်မြောက် သျှစ်သောင်း၊ ထုက္ကံသိမ်၊ အံတော်သိမ် ဘုရားများ၏ ဗုဒ္ဓပူဇေနိယ ပွဲတော် တွင် ပြိုင်းလောင်း(လှေလှော်)ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့ ၌ (၉၄) ကြိမ်မြောက် သျှစ်သောင်း၊ ထုက္ကံသိမ်၊ အံတော်သိမ် ဘုရားများ၏ ဗုဒ္ဓပူဇေနိယ ပွဲတော် တွင် ပြိုင်းလောင်း(လှေလှော်)ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ






MNP ၊  မေ ၁၇

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊မြောက်ဦးယဉ်ကျေးမှုနယ်မြေအတွင်းရှိ အထင်ကရ ဘုရားစေတီ၊ ပု ထိုးများဖြစ်သော (၉၄) ကြိမ်မြောက် သျှစ်သောင်း၊ ထုက္ကံသိမ်၊ အံတော်သိမ် ဗုဒ္ဓပူဇေနိယပွဲတော် တွင်ရခိုင်ရိုးရာပြိုင်လောင်း(လှေလှော်) ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ကို ယမန်နေ့က အောင် တပ်ရပ်ကွက် ပြိုင်လောင်း(လှေလှော်) မဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။

အဆိုပါ ပွဲသို့ တက်ရောက်လာကြသော ရှေ့တန်းအမှတ် (၅၅) ခြေလျင်တပ်မဌာနချုပ်မှ တပ်မမှူး ဗိုလ်မှုးချုပ် ဇော်မျိုးဝင်း ၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကောင်းမြတ်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့အတွင်းရေးမှူး  ဒုတိယရဲမှူးကြီး ခင်မောင်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်  ဒုတိယဗိုလ်မှူး ကြီး တင်ထူးလှိုင် နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုး စိုးသက် နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သျှစ်သောင်းဂေါပက ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖ များ ၊ ဒေသခံပြည်သူများ တို့ လာရောက်အားပေးလျှက်ရှိကြောင်း သိရသည်။

ထို့နောက်  ရခိုင်ရိုးရာပြိုင်လောင်း(လှေလှော်)ပြိုင်ပွဲ ဗိုလ်လုပွဲတွင်  ၁၂ လံ လှေလှော် အသင်း များ ဖြစ်သော ဆူးရာဇ်ချောင်းကျေးရွာအသင်းနှင့် အောင်တပ်အသင်းတို့ ယဉ်ပြိုင်ကြရာ ပထမဆု ၂၅ သိန်း ကို ဆူးရာဇ်ချောင်းကျေးရွာအသင်းမှ လည်းကောင်း  ၈ လံ လှေလှော် အသင်းများဖြစ်သော ဆူးရာဇ်ချောင်းကျေးရွာအသင်း နှင့် ပြွန်တိုကျေးရွာအသင်း တို့ ယဉ်ပြိုင်ကြရာ ဆူရာဇ်ချောင်း ကျေးရွာအသင်းမှ ပထမဆု ၂၂ သိန်း ကို အနိုင်ရရှိခဲ့ သည်၊၊ ၆ လံ လှေလှော်အသင်းများဖြစ်သော ဒိုင်းကျီ (က) အသင်းနှင့် ဒိုင်းကျီ(ခ) တို့ယဉ်ပြိုင်ကြ ရာ ပထမ ဆု ၂၀သိန်း ကို ဒိုင်းကျီ(က) အသင်း မှ အနိုင်ရရှိခဲ့ ပြီး လှေလှော်ပြိုင်ပွဲတွင် ဆုရရှိသောအသင်းများအား ရှေ့တန်းအမှတ် (၅၅) ခြေလျင် တပ်မဌာနချုပ်မှ တပ်မမှူး ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ နှင့်တာဝန်ရှိ သူများမှ ဆုများအသီးသီး ပေးအပ်ချီး မြှင့်ခဲ့ကြောင်း သိရသည်။


သတင်း - မြင့်စိုး

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)