အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး အခြေခံလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး အခြေခံလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ်


MNP ၊ မေ ၁၇

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး အခြေခံလေ့ကျင့်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးတင်ဦး က ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များကို လိုက်နာ ရသည့်အပြင် ကော်မရှင်ကျင့်ဝတ်ပါ အခြေခံမူ(၆)ချက်ကို လိုက်နာကျင့်သုံးကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ မူဝါဒနှင့် အစီအမံများကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေကြရသူများဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူများအကြား ယုံကြည်မှုတည်ဆောက်ရာတွင် အဓိကကျသူများ ဖြစ်ကြောင်း။

 နိုင်ငံ့ဝန်ထမ်းတစ်ဦးအဖြစ် ခံယူလျက်မိမိ၏ ဂုဏ်သိက္ခာ၊ ကော်မရှင်၏ ဂုဏ်သိက္ခာများအပေါ် အလေးထား ဂရုပြု၍ ကောင်းမွန်သော နေထိုင်မှုပုံစံများ၊ ကောင်းမွန်သောခံယူချက်များဖြင့် အများပြည်သူအကျိုး ဆောင်ရွက်နိုင်သည့်ပုဂ္ဂိုလ်များ ဖြစ်အောင် ကျင့်ကြံနေထိုင်ကြရန် တိုက်တွန်းလိုကြောင်း၊ သင်ကြားပို့ချခဲ့သည့် သင်ခန်းစာများကို စနစ်တကျ လေ့လာဆည်းပူး၍ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်တွေ့အကျိုးရှိစွာ အသုံးချပြီး နိုင်ငံတော်နှင့် ကော်မရှင်၏ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

အခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းသား သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။

အဆိုပါသင်တန်းကို မေ ၁၆ ရက်မှ ဇွန် ၁၀ ရက်အထိ ရက်သတ္တလေးပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းကာလအတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေ၊ ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်း၊ ကော်မရှင်ကျင့်ဝတ်၊ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးနှင့် အသိပညာ ပေးရေး ဆောင်ရွက်ချက်များ၊ ရုံးလုပ်ငန်းများနှင့် ပတ်သက်သည့် ဘာသာရပ်များကို ဆွေးနွေးပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)