ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသားအမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသားအမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ




MNP ၊ မေ ၁၇

၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ အမျိုးသားအမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်းကို ယမန်နေ့ ညနေ ၃နာရီက တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည်။

ပြိုင်ပွဲတွင် နောက်ဆုံးဗိုလ်လုပွဲအဖြစ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းနှင့် တောင်ကြီးခရိုင် အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများတာဝန်ရှိသူများ၊ အားကစား ဝါသနာရှင်များက ကြည့်ရှုအားပေးကြပြီး တောင်ကြီးခရိုင်အသင်းက (၃)ပွဲပြတ် အနိုင်ရ ဗိုလ်စွဲသွားသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ အမျိုးသမီးပူးတွဲ တတိယဆုရရှိသော လားရှိုးခရိုင်အသင်းနှင့် မိုးမိတ် ခရိုင်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသား(၃)သိန်းကျပ်စီကို ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းနှင့် ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံတို့မှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ ဒုတိယဆုရရှိသော ကျောက်မဲခရိုင်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၅)သိန်းကို တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းမှ ပေးအပ်၍လည်းကောင်း၊ နေရာအလိုက် အကောင်ဆုံး အားကစားသမားဆု ရရှိသူများကို ဆုတံဆိပ်နှင့် ငွေသားကျပ်(၅)သောင်းစီကို ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဥက္ကဋ္ဌ ဦးခွန်ရဲထွေးမှ ပေးအပ်၍ လည်းကောင်း၊ အမျိုးသမီးပထမဆုရရှိသော တောင်ကြီးခရိုင် အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ် (၈)သိန်း၊ ပထမဆုဖလားတို့ကို ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်တင်ကိုကိုမှပေးအပ်၍ လည်းကောင်း၊ အမျိုးသားပူးတွဲ တတိယဆုရရှိသော ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းနှင့် လင်းခေးခရိုင် အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၃)သိန်းစီကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့် ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်တို့က ပေးအပ်၍လည်းကောင်း၊ ဒုတိယဆုရရှိသော ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားကျပ်(၅)သိန်းတို့ကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးကပေးအပ်၍လည်းကောင်း၊ နေရာအလိုက်အကောင်းဆုံး အားစားသမား ဆုရရှိသူများအား ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ပေးအပ်၍လည်းကောင်း ၊ ပထမဆုရရှိသော တောင်ကြီးခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားကျပ်(၈)သိန်းနှင့် ပထမဆု ဖလားတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ချီးမြှင့်ပေးကြကြောင်း သိရှိရသည်။


သတင်း - မောင်မောင်သန်း (တောင်ကြီး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)