မတ္တရာမြို့နယ်၌ မြို့နယ်အဆင့် သင်ရိုးသစ် Grade-8 ဆင့်ပွားသင်တန်းဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မတ္တရာမြို့နယ်၌ မြို့နယ်အဆင့် သင်ရိုးသစ် Grade-8 ဆင့်ပွားသင်တန်းဖွင့်

 



MNP - မေ   ၁၇


မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် သင်ရိုးသစ် Gradr-8 ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉နာရီအချိန်က အ-ထ-က(မတ္တရာ) အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ခင်ဆွေဝင်းမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဖွင့်ပွဲအခမ်းအနားအပြီးတွင် သင်တန်းနည်းပြများမှ သင်တန်းကို သတ်မှတ်ထားသော အခန်းများဆက်လက်ပို့ချခဲ့သည်။


အဆိုပါ သင်တန်းတွင် မတ္တရာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းပြဆရာ၊ ဆရာမ သင်တန်းသား(၄၇၄)ဦးတို့အား သင်တန်းနည်းပြ (၁၄)ဦး တို့မှ အခန်း(၁၃) ခန်းခွဲ၍ မေလ ၁၆ရက်နေ့မှ မေလ ၁၈ရက်နေ့အထိ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ပထဝီ၊သမိုင်း၊ စာရိတ္တနှင့် ပြည်သူ့နီတိစသည့် ဘာသာရပ်များကို ပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - စိုးကျော်သူထွေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)