MNP ၊ မေ ၁၆
၂၀၂၂-၂၀၂၃ပညာသင်နှစ် အလယ်တန်းအဆင့် သင်ရိုးသစ် Grade(8)မြို့နယ်အဆင့် ဆင့်ပွား သင်တန်းယနေ့နံနက် ၉ နာရီအချိန်က အထက မြေပုံနှင့် အထကကမ်းထောင့်ကြီးကျောင်းတို့တွင် ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်းသိရသည်။
အဆိုပါသင်တန်းကို နိုင်ငံတော်မှ ပညာရေးစနစ်သစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ ဆရာ/ဆရာမများ၏ အခန်းကဏ္ဍသည် အဓိကအကျဆုံးနေရာတွင်ပါဝင်နေသည့်အတွက် ပညာရေးဝန်ကြီး ဌာန ၊ အခြေခံပညာဦးစီးဌာနမှ ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ၊ မြေပုံမြို့နယ်ရှိ ကျောင်းများမှ ဆရာ/ဆရာမ များအား သင်ရိုးသစ် Grade(8)မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်းသိရ သည်။
ထို့နောက် ခြေခံပညာအလယ်တန်းအဆင့် သင်ရိုးသစ် Grade(8)သင်တန်းအား မြို့နယ်အဆင့် သင်တန်းသား/သင်တန်းသူ ဆရာ/ဆရာမ(၅၆၇)ဦးတက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းနည်းပြ ဆရာ/ဆရာမ(၂၀)ဦးတို့က မြန်မာစာ ၊ အင်္ဂလိပ် ၊ သင်္ချာ ၊ သိပ္ပံ ၊ ပထဝီ ၊ သမိုင်း ၊ စာရိတ္တနှင့်ကာယပညာဘာ သာရပ်တို့ကို မေလ(၁၆)ရက်နေ့မှ(၁၈)ရက်နေ့ထိ ဖွင့်လှစ်သင်ကြားလျှက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး မှသိရသည်။
သတင်း - တင်ဝင်း
https://t.me/MyanmarNationalPost




No comments:
Post a Comment