MNP ၊ မေ ၁၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် စီမံကိန်းရည်မှန်းချက်များ ရှင်းလင်းခြင်းနှင့် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လည်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် စီမံကိန်းရည်မှန်းချက်များအား ပြည့်မီအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် စီမံကိန်းရည်မှန်းချက်များအား ချပြရှင်းလင်းခဲ့သည်။ ဆက်လက်၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က နိုင်-၄မှတ်တမ်းများအား နေ့စဉ် စာရင်းရေးသွင်း ပြုစုနေသည့် အစီအစဉ်များ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံဆောင်ရွက် ပြီးစီးရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ စနေနေ့တိုင်းစုပေါင်း သန့်ရှင်းရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တရားဝင်ဓာတ်သတ္တုလိုင်စင်ရှိသူများထံမှသာ အုတ်/သဲ/ကျောက်များ ဝယ်ယူဆောင်ရွက်ကြရေး၊ မြို့နယ်အတွင်း ပွဲလမ်းသဘင်များတွင် လောင်းကစားဝိုင်းများ မပါရှိစေရေး အထူးဂရုပြု ဆောင်ရွက်သွားကြရန်နှင့် ၂၀၂၂- ၂၀၂၃ဘဏ္ဍာရေးနှစ် ဌာနအလိုက် ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်း အခြေအနေတို့ကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့သို့ တင်ပြဆောင်ရွက်သွားရေး တို့ကိုရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူး မျိုးဇေယျာနှင့် ရဲမှူးဟန်မွှေးတို့က နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား သိရှိလိုက်နာ ဆောင်ရွက်ရေးတို့ကို ပြောကြားခဲ့ကြသည်။
ထို့နောက် မြို့နယ် ဌာဆိုင်ရာများက မိမိတို့၏ သက်ဆိုင်ရာ ဌာနလုပ်ငန်းအခြေအနေများနှင့် ရပ်ကွက်/ ကျေးရွာများနှင့် ပေါင်းစပ်ဆောင်ရွက်ရမည့် အခြေအနေများကိုလည်းကောင်း၊မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက် ပေးသွားမည့် အခြေအနေများကို လည်းကောင်း၊ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများက ၎င်းတို့၏ သက်ဆိုင်ရာ ကဏ္ဍများအလိုက် သိရှိလိုသည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost




No comments:
Post a Comment