ကျိုက်ထိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ်(Grade-8) မြို့နယ်အဆင့် ဆင့်ပွား သင်တန်း‌ ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ်(Grade-8) မြို့နယ်အဆင့် ဆင့်ပွား သင်တန်း‌ ဖွင့်လှစ်





MNP ၊ မေ ၁၆

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံ ပညာဦးစီးဌာနမှ မွန်ပြည်နယ် သထုံခရိုင် ကျိုက်ထိုမြို့နယ်အတွင်းရှိအထက်တန်းနှင့်အလယ်တန်းအဆင့် ကျောင်းအုပ်များ လက်ထောက်ဆရာ/ဆရာမများအားမြို့နယ်အဆင့် သင်ရိုးသစ် (Grade-8) ဆင့်ပွားသင်တန်းကို‌ မေ ၁၆ရက် နံနက် ၉နာရီတွင်ကျိုက်ထိုမြို့အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရာပြည့်ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်လှစ်ရာတွင်မြို့နယ်ပညာ ရေးမှူး ဒေါ်သီသီဝင်း ကအဖွင့်အမှာစကား ပြောကြားပြီးမြို့နယ်ပညာရေးမှူးရုံးမှ  ဦးစီးအရာရှိ ဦးစောသာထူးကသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့်သင်ကြားပို့ချမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ သင်တန်းသားသင်တန်းသူ (၃၄၇)ဦးတက်ရောက်ပြီးနည်းပြ(၁၆)ဦးက မေ(၁၆)ရက်မှ မေ(၁၈)ရက်နေ့ထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့် ပြည်သူ့နီတိနှင့်ကာယပညာ ဘာသာရပ် (၇)မျိုးတို့ကို သင်ကြား  ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)