ရေစကြိုမြို့နယ်၌ NLD အစွန်းရောက် PDF အကြမ်းဖက်အဖွဲ့က လက်လုပ်လက်နက်ကြီးဖြင့် ကျေးရွာအတွင်း သို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူနေအိမ် ၁ လုံးအား ထိမှန်ပေါက်ကွဲခဲ့၍ အမျိုးသမီး ၁ ဦး၊ ကလေးငယ် ၁ ဦးတို့ သေဆုံးကာ အမျိုးသမီး ၂ ဦးဒဏ်ရာရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေစကြိုမြို့နယ်၌ NLD အစွန်းရောက် PDF အကြမ်းဖက်အဖွဲ့က လက်လုပ်လက်နက်ကြီးဖြင့် ကျေးရွာအတွင်း သို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူနေအိမ် ၁ လုံးအား ထိမှန်ပေါက်ကွဲခဲ့၍ အမျိုးသမီး ၁ ဦး၊ ကလေးငယ် ၁ ဦးတို့ သေဆုံးကာ အမျိုးသမီး ၂ ဦးဒဏ်ရာရရှိ


MNP ၊ မေ ၃

NLD အစွန်းရောက် PDF အကြမ်းဖက်သမားများအနေဖြင့် ဒေသန္တရ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများအသုံးပြု၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများအား မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များအသုံးပြု၍ မြို့/ရွာများအတွင်း သို့ အဆင်အခြင်မဲ့ ရက်စက်စွာ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်းများအား ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။


ထိုသို့ ပြုလုပ်လျက်ရှိရာ မေလ ၂ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်အချိန်တွင် မကွေးတိုင်း ဒေသကြီး၊ ရေစကြိုမြို့နယ်၊ စည်သာစံပြကျေးရွာ၌ NLD အစွန်းရောက် PDF အကြမ်းဖက်အဖွဲ့၏ လက်လုပ် လက်နက်ကြီးဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူနေအိမ် ၁ လုံးအား ထိမှန် ပေါက်ကွဲခဲ့၍ အမျိုးသမီး ၁ ဦး၊ ကလေးငယ် ၁ ဦးတို့ သေဆုံးကာ အမျိုးသမီး ၂ ဦးဒဏ်ရာရရှိ ခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ပါသည်။


ထိုသို့ သွားရောက်စစ်ဆေးခဲ့ရာ မေလ ၁ ရက်နေ့ ည ၁၀ နာရီအချိန်တွင် ရေစကြိုမြို့နယ်၊ စည်သာစံပြကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က လက်လုပ်လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အဆိုပါကျေးရွာနေ ဦးသိန်းရွှေ(စိစစ်ဆဲ)၏ နေအိမ်ပေါ်သို့ လက်လုပ်လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် နေအိမ်အတွင်းရှိနေသူ များဖြစ်သည့် ဦးသိန်းရွှေ၏ အစ်မဖြစ်သူ ဒေါ်စန်းရွှေ(၄၆)နှစ် (ဘ)ဦးကျောက်စိန်နှင့် သားဖြစ်သူ မောင်ကောင်းခန့်သူ(၆)နှစ် (ဘ)ဦးသိန်းရွှေတို့တွင် ရင်ဘက်ပွင့်ထွက်ဒဏ်ရာများရရှိကာ အခင်းဖြစ် နေရာ၌ သေဆုံးသွားခဲ့ပြီး  သမီးဖြစ်သူ မသူဇာဦး(၁၂)နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်ခင်အေးမာ(၃၀)နှစ် (ဘ) ဦးရာရွှေတို့တွင် လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာများရရှိထားသည်ကို တွေ့ရှိရသဖြင့် ဆေးဝါး ကုသနိုင်ရေး ပခုက္ကူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။


အထက်ပါဖြစ်စဉ်မှ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများနှင့် မြို့/ရွာများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး အပြစ်မဲ့ပြည်သူများအား သေကြေဒဏ်ရာများရရှိစေသူ NLD အစွန်းရောက် PDF အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး နယ်မြေခံတပ်မတော်စစ်ကြောင်း များနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့် အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)