တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ ကြွရောက်လာပါရန် UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့က တိုက်တွန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ ကြွရောက်လာပါရန် UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့က တိုက်တွန်း



MNP ၊ မေ ၂၅

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ (UPDJC) နိုင်ငံရေးပါတီများအစုအဖွဲ့ က တိုင်းပြည်အေးချမ်းသာယာရေးအတွက် ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ လာရောက်တွေ့ဆုံဆွေးနွေးကြပါရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား တိုက်တွန်းသည့် ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ထားသည်။

၎င်းတို့၏ ထုတ်ပြန်ချက်တွင် ပြည်တွင်းငြိမ်းချမ်းရေး ရယူလိုခြင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ပေါ်ပေါက်လာစေရေးအတွက် နိုင်ငံတော်ဝန်ကြီးချုပ်မှ နိုင်ငံတော်ဝန်ကြီးချုပ်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးကို ဖိတ်ခေါ်ခဲ့ကြောင်း၊ NCA လက်မှတ်ရေးထိုးပြီး (၇)ဖွဲ့နှင့် NCA လက်မှတ်မထိုးရသေးသော (၃)ဖွဲ့  ငြိမ်းချမ်းရေးအတွက် လာရောက်ဆွေးနွေးမည်ကို လေ့လာသိရှိရသောကြောင့် များစွာကျေးဇူးတင် ကြိုဆိုဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်သူလူထုသည် သေကြေပျက်စီး ထိခိုက်ဒဏ်ရာရရှိခြင်း၊ စစ်ဘေးရှောင်နေရခြင်း၊ အိုးအိမ်လယ်ယာစွန့်ခွါရခြင်း၊ မိသားစုတကွဲတပြား ဖြစ်ပေါ်ရခြင်း စသည့် အတိဒုက္ခမျိုးစုံကို ခံစားလာရပြီးဖြစ်ကြောင်း ပြောဆိုထားသည်။

ပြည်သူလူထုတစ်ရပ်လုံးကို သနားညှာတာသောအားဖြင့် ကျန်ရှိသော ညီအစ်ကိုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ ကြွရောက်ပါရန် တိုက်တွန်းထားသည်ကို တွေ့ရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)