ပုဗ္ဗသီရိမြို့နယ်လုံးကျွတ် ပါတီတာဝန်ပေးအပ်ပွဲသို့ USDP ဥက္ကဋ္ဌ ဦးသန်းဋ္ဌေးတက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဗ္ဗသီရိမြို့နယ်လုံးကျွတ် ပါတီတာဝန်ပေးအပ်ပွဲသို့ USDP ဥက္ကဋ္ဌ ဦးသန်းဋ္ဌေးတက်ရောက်

 









MNP ၊ မေ ၂၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေးသည် ပုဗ္ဗသီရိမြို့နယ်လုံးကျွတ် ရပ်ကွက်/ ကျေးရွာပါတီများ ဖွဲ့စည်းပြီးခြင်းနှင့် ပါတီအောင်နိုင်ရေးအလံတော် ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယနေ့ အခမ်းအနားအား နိုင်ငံတော်အလံအလေးပြုခြင်း နိုင်ငံတော်သီချင်း သီဆိုခြင်းနှင့် စတင်ဖွင့်လှစ်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေးမှ အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုနယ်မြေ USDP ဥက္ကဋ္ဌ ဦးမြင့်လှိုင်မှ ပါတီဖွဲ့စည်းခြင်းလုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်ထောင်စုနယ်မြေပါတီကော်မတီဝင် ပုဗ္ဗသီရိမြို့နယ် အောင်နိုင်ရေးတာဝန်ခံ ဦးလှဆွေနှင့် ပုဗ္ဗသီရိမြို့နယ် ပါတီဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်ထွေးက ပါတီရှေ့လုပ်ငန်းစဉ်များ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ယင်းနောက် ပါတီအောင်နိုင်ရေးအလံတော်အား ပြည်ထောင်စုမြေပါတီဥက္ကဋ္ဌ ဦးမြင့်လှိုင်မှ မြို့နယ်အောင်နိုင်ရေးတာဝန်ခံဦးလှဆွေနှင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်ထွေးတို့အားပေးအပ်ခဲ့သည်။

အခမ်းအနားသို့ USDP ဥက္ကဋ္ဌ ဦးသန်းဋ္ဌေး၊ USDP ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်၊ USDP ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် ပြည်ထောင်စုနယ်မြေကော်မတီဝင်များ၊ ခရိုင်၊ မြို့နယ်မှ တာဝန်ရှိသူများ ရပ်ကွက်/ ကျေးရွာများမှ ပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)