၂၀၂၂ ခုနှစ် မန္တလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၂ ခုနှစ် မန္တလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ




MNP - ဇွန်   ၂

 

မန္တလေးတိုင်းဒေသကြီး၊ ၂၀၂၂ ခုနှစ် မန္တလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား/ အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပခြင်းကို ယနေ့နံနက် ၈ နာရီခွဲက ပုသိမ်ကြီးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရှိ မြို့နယ်အားကစားရုံ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး၊ ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက အားကစားသမားများအား လိုက်လံနှုတ်ဆက်ပြီးနောက်၊ ပြိုင်ပွဲအားစတင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပထမဆုံးပွဲဦးထွက်အနေဖြင့် ပြည်ကြီးတံခွန်မြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ်အသင်းတို့ယှဉ်ပြိုင်ရာ ပြည်ကြီးတံခွန်မြို့နယ်အသင်းက အနိုင်ရရှိခဲ့ကြောင်း သိရသည်။


အဆိုပါပြိုင်ပွဲတွင် မြို့နယ် (၇)ခုမှ အသက်(၂၅)နှစ်အောက် အမျိုးသားအသင်း (၇)သင်း၊ အမျိုးသမီး(၇)သင်း၊ စုစုပေါင်း အသင်း(၁၄)ဖြင့် ပိုက်ကျော်ခြင်းပြိုင်ပွဲအား ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း မန္တလေးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူးဒေါ်သိမ့်သိမ့်မိုးထံမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)