မြင်းခြံမြို့တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

မြင်းခြံမြို့တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား



MNP - ဇွန်   ၂


မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ယနေ့နံနက်မှစတင်ကာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


မြင်းခြံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၉၆)ကျောင်းတွင် ကျောင်းအပ်နှံသည့် ကျောင်းသား/သူများမှာ မူလတန်းအဆင့် ကျောင်းသား/သူ ၆၇၆၁ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/သူ ၁၈၂၇ ဦး၊ အထက်တန်းအဆင့် ၄၇၀ ဦး စုစုပေါင်း ၉၀၅၈ ဦး၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း (၂၄)ကျောင်းတွင် မူလတန်းအဆင့် ကျောင်းသား/သူ ၁၁၃၄ ဦး၊ အလယ် တန်းအဆင့် ကျောင်းသား/သူ ၁၁၇ ဦး စုစုပေါင်း ၁၂၅၁ ဦး၊ ကိုယ်ပိုင်ကျောင်း (၅) ကျောင်းတွင် မူလတန်းအဆင့် ကျောင်းသား/သူ ၁၄၀ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/သူ ၁၀ ဦး၊ အထက်တန်းအဆင့် ၁ ဦး စုစုပေါင်း ၁၅၁ ဦး အပ်နှံခဲ့ကြသည်။ မြင်းခြံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် ကျောင်းသား/သူဦးရေ (၁၀၄၆၀) ဦး ကျောင်းအပ်နှံခဲ့ကြပြီး ယနေ့ဇွန်လ (၁) ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းအသီးသီးတွင် ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။                                                              


သတင်း - ကျော်စွာ


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)