မင်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများ စတင်ပညာသင်ကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများ စတင်ပညာသင်ကြား



MNP - ဇွန်  ၂  


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့မှစတင်ကာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်  (Kg)အတန်းမှ ဧကာဒဿမတန်းအထိ အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ တတ်ရောက်ကာအေးချမ်းစွာ ပညာသင်ကြားလျက်ရှိ‌ကြောင်း သိရသည်။


မင်းလှမြို့နယ်တွင်(ထက်၊ လယ်၊ မှု) အခြေခံပညာကျောင်းပေါင်း (၁၅၅)ကျောင်းရှိပြီး ယနေ့တွင်ဆရာ၊ ဆရာမပေါင်း(၁၁၆၈)ဦးတို့က တတ်ရောက်ကျောင်းသား၊ ကျောင်းသူပေါင်း(၁၈၆၁၅)ဦးတို့အား ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။


ကျောင်းများဖွင့်လှစ်သင်ကြားရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ  ဆရာ၊ ဆရာမများက သင်ကြားပေးလျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသားများအေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စောင့်ကြပ်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - ပေါက်စ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)