အင်္ဂပူမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်္ဂပူမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ






MNP - ဇွန်   ၅


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင်မြို့နယ်သစ်တော ဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီ ဥတုကောင်းမွန်မျှတရေးသစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့်ဒေသအပူချိန်လျှော့ချနိုင်စေရန် ရည်ရွယ်၍၂၀၂၂ ခုနှစ်၊မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကိုယနေ့နံနက် ၈နာရီကအင်္ဂပူမြို့နယ်၊ တောင်မြန်အောင်တိုးချဲ့ ကြိုးဝိုင်း၊ အကွက်အမှတ်(၂၀)တွင် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲပြုလုပ်ခဲ့သည်။


အခမ်းအနားတွင်ပျိုးပင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများမှပေးအပ်ရာမြို့နယ်အမျိုးသမီးရေး ရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌဒေါ်သန္တာဌေးနှင့်ကျေးရွာအုပ်ချုပ်ရေးမှူးတို့က လက်ခံရယူခဲ့သည်။ ထို့နောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦး‌‌သော်မွှန်းကိုနှင့်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုး သမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ခလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာဌေးနှင့်အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများစုစုပေါင်းအင်အား(၁၆၅) ဦးခန့်တို့က သစ်ပင်များကို တ‌ပျော်တပါးစု ပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)