ရေနံချောင်းမြို့နယ်၌ မြို့နယ်အခြေပြု ဆရာအတတ် ရက်တိုသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေနံချောင်းမြို့နယ်၌ မြို့နယ်အခြေပြု ဆရာအတတ် ရက်တိုသင်တန်းဖွင့်လှစ်

 







MNP - ဇွန်   ၅


မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လက်ထောက်မူလတန်းပြအဖြစ် ခန့်ထားနိုင်ရေး လုပ်ငန်းခွင်အကြို မြို့နယ်အခြေပြု ဆရာအတတ်ရက်တို သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီက ရေနံချောင်းမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း နဝဒေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးအေးဝင်းက သင်တန်းဖွင့်အမှာစကားပြောကြားပြီး ဒုမြို့နယ် ပညာရေးမှူးဦးဖြိုးဝေက သင်တန်းသားများ သင်ကြားသင်ယူမှု နှင့်ပတ်သက်၍ လိုက်နာရမည့် စည်းကမ်း ချက်များကို ရှင်းလင်းပြောကြားသည်။


အဆိုပါသင်တန်းကို ဇွန် ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၈၅ ဦး တက်ရောက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)