MNP - ဇွန် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ကျေးရွာနေပြည်သူများ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက နန်းသဲကျေးရွာတွင် အသိပညာပေးလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးကွင်းဆင်ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်အမျိုးသမီးရေးရာနှင့် ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးဥက္ကဋ္ဌ ဒေါ်ဥမ္မာနေထွန်းနှင့်အဖွဲ့ဝင်များ၊ ဦးဆောင်၍ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ မိုးရာသီကာလ၌ ကျေးရွာနေပြည်သူများ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကင်းဝေးစေရေးအတွက် ခြင်ကောင်များမပေါက်ဖွားနိုင်စေရေးအတွက် အသိပညာပေးခြင်း၊ နေအိမ်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ သောက်ရေသုံးရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အသိပညာပေးပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း - ကျော်ဝင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment