ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကျင်းပ



MNP - ဇွန်   ၁၁


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ၂၀၂၂ခုနှစ်၊ ယမန်နေ့က အ.ထ.က မက်မန်း ကျောင်းအစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဉက္ကဋ္ဌဒေါ်ညိုက မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့အနေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြော ကြားခြင်း၊ မြို့နယ်ဆရာဝန်ဒေါက်တာ စိုးမိုးအောင်မှကလေးများ၏ ကျန်းမာရေးနှင့်ပတ်သက်၍ မိုးဦးကျရာသီတွင် အဖြစ်များသည့် တုတ်ကွေးရောဂါဖြစ်ပွားမှုမရှိစေရေး၊ အဆိုပါတုတ်ကွေးရောဂါသည် ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားမှုများသည့်အတွက် ကျောင်းသား/သူများ အနေဖြင့် ခြင်ကိုက်ခံရမှု မရှိစေရေး တစ်ကိုယ်ရေသန့်ရှင်းရေးကောင်းမွန်ရေး၊ လေဝင်လေထွက်ကောင်းမွန်သည့် ပတ်ဝန်ကျင်တွင် နေထိုင်ရေးစသည့် ကျန်းမာရေးနှင့် ပတ်သက်သည့် အသိပညာပေး ဟောပြောခဲ့သည်။


ဆက်လက် အ.ထ.က မက်မန်းကျောင်းအုပ်ဆရာမကြီးဒေါ်အိအိအောင်မှယခုလို ကျောင်းသား/သူ များအား ကျန်းမာရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်မှုနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - သန်းမြတ်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)