ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းထုတ်ပြန်ကြေညာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းထုတ်ပြန်ကြေညာ



MNP - ဇွန်   ၁၇


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်သည့် ကျောင်းသား၊ ကျောင်းသူစာရင်းကို ယနေ့နံနက်ပိုင်းတွင် စာစစ်ဌာနများဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်းများတွင်ကြေညာခဲ့ကြောင်း သိရသည်။


ဟိုပုံးမြို့နယ်တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ (၅၅၈)ဦး၊ ဖြေဆို(၅၃၀)ဦး၊ အောင်မြင်(၁၄၆)ဦး၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ (၂၀၆)ဦး၊ ဖြေဆို(၁၈၁)ဦး၊ အောင်မြင်(၈၃)ဦး၊ ‌ကျောက်တန်းအခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ (၆၇)ဦး၊ ဖြေဆို(၆၃)ဦး၊ အောင်မြင်(၃၀)ဦး၊ နမ့်ခုတ် အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ (၂၅)ဦး၊ ဖြေဆို(၂၂)ဦး၊ အောင်မြင်(၅)ဦး၊ ကျောက္ကချားအခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ (၂၀)ဦး၊ ဖြေဆို(၁၈)ဦး၊ အောင်မြင်(၁၅)ဦး၊ စုစုပေါင်း စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ(၈၇၆)ဦး ၊ ဖြေဆို(၈၁၄)ဦး၊ အောင်မြင်(၂၇၉)ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့်(၃၄.၂၇၅)ရာခိုင်နှုန်း တစ်ဘာသာဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူ(၆၅)ဦး၊ နှစ်ဘာသာဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူ (၈)ဦး၊ သုံးဘာသာဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူ(၁)ဦး တို့ဖြေဆိုအောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာ‌ရေးမှူးရုံးမှ သိရသည်။


သတင်း - နေမင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)