မိုးမိတ်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးမိတ်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်



MNP - ဇွန်  ၁၇


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို နံနက် ၅ နာရီအချိန်က အခြေခံပညာကျောင်းများ၌ထုတ်ပြန်ခဲ့ရာ  အောင်ချက်ရာခိုင်နှုန်းမှာ ၅၂.၇၆ ရာခိုင်နှုန်းအထိအောင်မြင်ခဲ့ကြောင်း သိရသည်။


အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၁၂၆) ဦး၊ ကျောင်းသူ ( ၂၃၆) ဦး စုစုပေါင်း (၃၆၂) ဝင်ရောက်ဖြေဆိုခဲ့ရာ ကျောင်းသား (၅၉) ဦး ၊ကျောင်းသူ( ၁၃၂)) ဦး စုစုပေါင်း (၁၉၁)အောင်မြင်ခဲ့ပြီး လေးဘာသာဂုဏ်ထူးရှင် (၃) ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၁၀)ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် (၁၅)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်( ၄၉)ဦး ထွက်ရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းမှာ (၅၂.၇၆) ရာခိုင်နှုန်းအထိ အောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


သတင်း - မိုးမိတ်သား


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)