MNP ၊ ဇွန် ၃၀
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို စာစီစာကုံး၊ ပန်းချီပြိုင်ပွဲကို ယနေ့မွန်းလွဲ (၃)အချိန်က ပေါက်တောမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။
အဆိုပါပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၈)ဦးတို့က စာစီစာကုံးတွင် "အတုယူတတ်စေ အာဇာနည်စိတ်ဓာတ်တွေ" ခေါင်းစဉ်နှင့် ကဗျာတွင် ကျောင်းသား ကျောင်းသူ (၁၃)ဦးတို့က"တာဝန်ကျေပွန် ဇာနည်မွန်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ (၂၂)ဦးတို့က စာစီစာကုံးတွင် "အာဇာနည်နေ့ တို့မမေ့" ခေါင်းစဉ်နှင့် ကဗျာတွင် ကျောင်းသား ကျောင်းသူ (၁၃)ဦးတို့က "၁၉ ဇူလိုင်မမေ့နိုင်" ခေါင်းစဉ်ဖြင့်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ တာဝန်ကျဆရာ ဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးကြသည်။
ထိုသို့ဆောင်ရွက်ခြင်းမှာ ကျောင်းသား/ကျောင်းသူများသည် အာဇာနည်နေ့ကို မမေ့မလျော့ကြစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး၊ ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများကို အာဇာနည်နေ့အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment