နဒီကန်မှ အင်းလေးကန်သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နဒီကန်မှ အင်းလေးကန်သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်




MNP ၊ ဇွန် ၃၀

ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်(၉)နာရီက ကလောခရိုင် ညောင်ရွှေမြို့နယ် နဒီ ကန်မှ အင်းလေးကန် သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပေးကြကြောင်း သိရသည်။

အဆိုပါ နဒီကန်မှ အင်းလေးကန် သဘာဝရေပြင် အတွင်းသို့ ငါးမြစ်ချင်း (၅၀၀၀၀)ငါးသောင်း၊ ငါးခုံးမ (၅၀၀၀၀) ငါးသောင်း၊ ငါးဖိန်းရွှေဝါ(၁၀၀၀၀၀)တစ်သိန်း၊ စုစုပေါင်း ငါးမျိုးစိုက်(၂၀၀၀၀၀)နှစ်သိန်း ထည့်ပေး ကြကြောင်း သိရသည်။

ဆက်လက်၍ တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပူဇော်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ လုပ်ငန်းကော်မတီများ တက်ရောက်ကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက  ၂၀၂၂ခုနှစ် ဇူလိုင်လ(၁၁)ရက် ဝါဆိုလဆန်း(၁၄)ရက်တွင် ကျင်းပပြုလုပ်မည့် ဝါဆိုသင်္ကန်းဆက်ကပ်လှူ ဒါန်းပူဇော်ပွဲ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကြိုတင်ခေါ်ယူရခြင်း ဖြစ်ပါကြောင်း၊ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပူဇော်ပွဲကို ကျင်းပရာမှာ စည်ကားသိုက်မြိုက်စွာဖြင့် အေးချမ်း အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများက စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ထို့နောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား  ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်၊ အတွင်းရေးမှူးများက ဆွေးနွေးတင်ပြကြပြီး လုပ်ငန်းကော်မတီများမှ အသီးသီးဆွေးနွေးတင်ပြကြ၍ အထွေထွေဆွေးနွေးကြကာ ဆွေးနွေးတင်ပြချက်အပေါ် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - မောင်မောင်သန်း(တောင်ကြီး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)