ပေါင်မြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကျင်းပ






MNP ၊  ဇွန်  ၅

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင်   ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက သဲဖြူကုန်းကျေးရွာ၊  မလတ်တောင်ခြေ၌ကျင်းပ ပြုလုပ်ခဲ့သည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိုက်ထွန်း ၏ဦးဆောင်မှုဖြင့်  သစ်တောဦးစီးဌာနမှ  မန်ဂျန်ရှား အပင်( ၁၂၁၀) အားမလတ်တောင်ခြေ၌ စိုက်ပျိုးခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ နှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများစုစု‌ပေါင်းအင်အား (၁၂၀)ဦးခန့်တက်ရောက်ခဲ့ကြသည်။

သစ်တောသစ်ပင်များ စိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်  စိမ်းလန်းစိုပြေရေး၊ ရာသီဥတုမျှတမှု ရှိစေရေး၊ အရိပ်ရအပင်များ ရရှိစေရေး၊ သစ်တောပြုန်းတီးမှုကို ကာကွယ်နိုင်ရေးနှင့် ဇီဝမျိုးကွဲစုံကျေးငှက်သားရဲတိရစ္ဆာန်များ မှီခိုကျက်စားနိုင်စေရန်  သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေစေရေးနှင့် သစ်တောသစ်ပင်များ၏  တန်ဖိုးကိုနားလည်ချစ်မြတ်နိုးတတ်စေရန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိများ နိုးကြားရှင်သန်စေရန်၊ ရာသီဥတုအတွက် ရည်ရွယ်၍ စိုက်ပျိုးခြင်းဖြစ်‌ကြောင်းသိရသည်။


သတင်း - မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)