သွင်းအားစုဓာတ်မြေသြဇာများ ဝယ်ယူပံ့ပိုးနိုင်ရေး အရင်းမပျောက်မတည်ငွေပေးအပ်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သွင်းအားစုဓာတ်မြေသြဇာများ ဝယ်ယူပံ့ပိုးနိုင်ရေး အရင်းမပျောက်မတည်ငွေပေးအပ်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်





MNP ၊ ဇွန် ၅

မွန်ပြည်နယ်သမဝါယမဦးစီးဌာနမှ သွင်းအားစုဓာတ်မြေသြဇာများ ဝယ်ယူပံ့ပိုးနိုင်ရေး အသင်းသားတောင်သူများအား အရင်းမပျောက်မတည်ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ် ကော့ကရင်ကျေးရွာ အ.ထ.ကကျောင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ပြည်နယ်သမဝါယမဦးစီးဌာနပြည်နယ်ဦးစီးမှူးမှ သွင်းအားစုဓာတ်မြေသြဇာပံ့ပိုးပေးမည့်အစီအစဉ်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများမှ ဓာတ်မြေသြဇာပံ့ပိုးငွေများကို ပေးအပ်ခဲ့ရာ အသင်းသားတောင်သူဦးကြီးများမှ လက်ခံရယူခဲ့ကြကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် သမဝါယမအသင်းများမှ အသင်းဝင်ပြည်သူများ လိုအပ်သည့် ဓာတ်မြေသြဇာများကို မွန်ပြည်နယ်သမဝါယမဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရံပုံငွေ (ငွေလုံးငွေရင်း)မှ ခွဲဝေချထားပေးသော ကျပ် (၄၅)သန်းဖြင့် ပေါင်မြို့နယ်၊ မုဒုံမြို့နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အသင်းသားတောင်သူများအတွက် စိုက်ပျိုးရာသီအချိန်မှီ ဓာတ်မြေသြဇာများဝယ်ယူနိုင်ရေး အရင်းမပျောက်မတည်ငွေအဖြစ် ပံ့ပိုးဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ပေါင်မြို့နယ်အနေဖြင့် ကော့ကရင်ကျေးရွာ သပြေရောင်ခြည်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ ပေါ်ဆန်းမွှေး၊ တောင်ပျံမွှေး၊ ရွှေဝါထွန်းစပါးများ စိုက်ပျိုးလျက်ရှိသည့် အသင်းသားတောင်သူ ၁၈ ဦး၏ စပါးစိုက်ပျိုးဧက (၁၈၀)ဧကအတွက် ကျပ်သိန်း(၁၈၀)အား ထုတ်ပေးခဲ့ပြီး၊ ယခုပံ့ပိုးငွေအား အသင်းမှ အရင်းမပျောက်မတည်ငွေအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး အသင်းသားတောင်သူများမှ သီးနှံရာသီအလိုက် သီးနှံများထွက်ရှိပါက အသင်းသို့ ဓာတ်မြေသြဇာဝယ်ယူမှု ကုန်ကျစရိတ် ပြန်လည်ပေးသွင်းရမည်ဖြစ်ကြောင်း မွန်ပြည်နယ်သမဝါယမဦးစီးဌာနမှ သိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)