နမ္မတူမြို့နယ်တွင် အရည်အသွေးမြင့် တိရစ္ဆာန်အစာပင်များ စနစ်တကျ စိုက်ပျိုးကျွေးမွေးနိုင်ရန်ရည်ရွယ်၍ နေဗီယာမြက် သရုပ်ပြစိုက်ပျိုးပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ္မတူမြို့နယ်တွင် အရည်အသွေးမြင့် တိရစ္ဆာန်အစာပင်များ စနစ်တကျ စိုက်ပျိုးကျွေးမွေးနိုင်ရန်ရည်ရွယ်၍ နေဗီယာမြက် သရုပ်ပြစိုက်ပျိုးပွဲ ပြုလုပ်



MNP - ဇွန်   ၂၄ 


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ် အစီအစဉ်အရ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အရည်အသွေးမြင့် တိရစ္ဆာန်အစာပင်များ စနစ်တကျ စိုက်ပျိုးကျွေးမွေးနိုင်ရန် ရည်ရွယ်၍ နေပီယာမြက်သရုပ်ပြစိုက်ပျိုးခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က ဆိုက်ခေါင်ကျေးရွာအုပ်စု၊ မန်မွန်းကျေးရွာ တောင်သူ ဒေါ်အေးမွှေး၏ ယာမြေတစ်ဧကတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


စိုက်ပျိုးပွဲတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ကျော်ညီညီသန့်နှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်ဌေးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ‌ ကျေးရွာနေပြည်သူများ တက်ရောက်ပါဝင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။


ထို့အပြင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ကျော်ညီညီသန့်က နေဗီယာမြက်စိုက်ပျိုးထုတ်လုပ်ရန် ပြင်ဆင်မှုအဆင့်ဆင့်၊ စိုက်ပျိုးသည့်စနစ်၊ ‌တစ်ဧက စိုက်ပျိုးကုန်ကျစရိတ်နှင့် အကျိုးအမြတ်နှင့် နေဗီယာမြက် စိုက်ပျိုးထုတ်လုပ်ရန်အတွက် မြက်မျိုးနှင့် နည်းပညာများရယူနိုင်ရန် ဆက်သွယ်ရမည့်နေရာများအား ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါနေဗီယာမြက်သည် အခြားမြက်၊ ကောက်ရိုးတို့ထက် အာဟာရဓါတ်ပိုမိုမြင့်မားပြီး အသားဓါတ်မြင့်မားဆုံးအချိန်ဖြစ်သည့် (၄၅)ရက် သားတွင် ခုတ်ယူကျွေးမွေးပါက အကောင်းဆုံးဖြစ်ကြောင်း၊ ကျွဲ၊ နွား၊ ဝက်၊ ဆိတ်၊ သိုး၊ ငါးနှင့် ကြက်များကိုပါ ‌ကျွေးမွေးနိုင်ကြောင်း ဒေါက်တာကျော်ညီညီသန့်ထံက သိရသည်။


သတင်း - လူမော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)