ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသအဆင့်ဌာနဆိုင်ရာရုံးမျာ ဆောက်လုပ်ရန်နေရာအား သွားရောက်ကြည့်ရှု - Myanmar National Post

Myanmar National Post

News Agency

Breaking

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသအဆင့်ဌာနဆိုင်ရာရုံးမျာ ဆောက်လုပ်ရန်နေရာအား သွားရောက်ကြည့်ရှု





MNP - ဇွန်  ၂၄


ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ တာသိန်းဇော်နှင့် အတူအဖွဲ့ဝင် ဦးခင်ဇော်လှိုင်၊ အတွင်းရေးမှူး ဦးစိုးနိုင်နှင့် တာဝန်ရှိဌာနဆိုင်ရာအကြီးအကဲတို့သည် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသအဆင့်ဌာနဆိုင်ရာရုံးမျာ ဆောက်လုပ်မည့်နေရာအား ယမန်နေ့ နံနက်ပိုင်း(၁၀)နာရီအချိန်ခန့်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ သွားရောက်စစ်ဆေးရာတွင် ဒေသဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဘုရားကြီးကျေးရွာရှိ ကွင်းအမှတ်(၇၇) ဘုရားကြီးကွင်း ခန့်မှန်းမြေဧရိယာ (၆)ဧကသို့ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပြီး အဆိုပါမြေနေရာတွင် ဒေသအဆင့် ဌာနဆိုင်ရာရုံးများ တည်ဆောက်နိုင်ရေးအတွက် မြေဖြတ်ခြင်း လုပ်ငန်း၊ မြေညှိခြင်းလုပ်ငန်း၊ မြေထိန်းနံရံတည်ဆောက် ခြင်းလုပ်ငန်း စသည့်ဆောင်ရွက်ရန် လိုအပ်သည်များကို ဒေသစီမံဥက္ကဋ္ဌမှ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)