မွန်ပြည်နယ်ဝန်ကြီးချုပ် ၃၈ ဖြာမင်္ဂလာတရားတော်နှင့် မဟာဗုဒ္ဓဝင်စာမေးပွဲ (ဗဟိုအဆင့်) ထူးချွန်ဆုရရှိသော သားငယ်၊ သမီးငယ်များကို ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ၃၈ ဖြာမင်္ဂလာတရားတော်နှင့် မဟာဗုဒ္ဓဝင်စာမေးပွဲ (ဗဟိုအဆင့်) ထူးချွန်ဆုရရှိသော သားငယ်၊ သမီးငယ်များကို ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်





MNP - ဇွန်  ၆ 


မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ မြစေတီစာသင်တိုက်တွင် ကျင်းပပြုလုပ်သည့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) (ဗဟို)မှ ဆက်ကပ်လှူဒါန်းပူဇော်သော ဘွဲ့ဆိပ်တော်များ ဆက်ကပ်ခြင်းနှင့် ၃၈ဖြာမင်္ဂလာတရားတော်နှင့် မဟာဗုဒ္ဓဝင်စာမေးပွဲ (ဗဟိုအဆင့်) ထူးချွန်ဆုရရှိသော မင်္ဂလာသားငယ်၊ သမီးငယ်များကို ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်၊၊


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ဆရာတော်ကြီးထံမှ ငါးပါးသီလဆောက်တည်ကာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) (ဗဟို) အလုပ်အမှုဆောင်မှ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းရသည့်အကြောင်းအား လျှောက်ထားတင်ပြသည်၊၊


ထို့နောက် အဂ္ဂမဟာမင်္ဂလာဓမ္မဇောတိကဓဇဘွဲ့၊ မဟာမင်္ဂလာဓမ္မဇောတိကဓဇဘွဲ့နှင့် မင်္ဂလာဓမ္မဇောတိကဓဇဘွဲ့ တံဆိပ်တော်များရရှိခဲ့ကြသည့် မော်လမြိုင်မြို့ မြစေတီရဲကျောင်း ဆရာတော်၊ မော်လမြိုင်မြို့ ပန်းဘဲတန်းမင်းကျောင်းစာသင်တိုက် နိုင်ငံတော်ဗဟိုဝန်ဆောင်ဆရာတော်၊ မော်လမြိုင်မြို့ အတုလရန်အောင် နိုင်ငံတော်သံဃာ့နာယကဆရာတော်နှင့် ချောင်းဆုံမြို့နယ်၊ မုဒုံမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ ပေါင်မြို့နယ်၊ ရေးမြို့နယ်၊ ဘီးလင်းမြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ သံဖြူဇရပ်မြို့နယ်များရှိ ပြည်နယ်သံဃာ့ဝန်ဆောင် ဆရာတော်များ၊ မြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်များထံ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် YMBA ဗဟိုဥက္ကဋ္ဌတို့က လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဘွဲ့တံဆိပ်တော်များ ဆက်ကပ်သည်၊၊


ဆက်လက်ပြီး မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းနာယက ပြည်နယ်ဝန်ကြီးချုပ်အား မဟာမင်္ဂလာ ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းအား YMBA ဗဟိုဥက္ကဋ္ဌမှ ချီးမြှင့်အပ်နှင်းခဲ့ပြီး မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ကျင်းပပြုလုပ်ခဲ့သည့် ၃၈ ဖြာ မင်္ဂလာတရားတော်နှင့် မဟာဗုဒ္ဓဝင်စာမေးပွဲတွင် ထူးချွန်အဆင့်ဖြင့် ဖြေဆိုအောင်မြင်ခဲ့သော မင်္ဂလာ သားငယ်၊ သမီးငယ်များအား ဂုဏ်ပြုဆုများကို ပြည်နယ်အစိုးရအဖွဲ့ဝင်များက အသီးသီးချီးမြှင့်ပေးခဲ့ပြီး ဆရာတော်ကြီးထံမှ ရေစက်ချတရားနာယူကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ရုတ်သိမ်းခဲ့ကြောင်းသိရှိရသည်၊၊


သတင်း - ခင်စန်းမြင့် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)