လောင်းလုံးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးဘောင်မျိုး မျိုးစေ့ထုတ်စိုက်ပျိုးခြင်း သရုပ်ပြဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လောင်းလုံးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးဘောင်မျိုး မျိုးစေ့ထုတ်စိုက်ပျိုးခြင်း သရုပ်ပြဆောင်ရွက်







MNP - ဇွန်   ၆


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် တောင်သူများကိုယ်တိုင်မျိုးစေ့ထုတ်ပြီး မျိုးကောင်းမျိုးသန့်ရရှိခြင်းဖြင့် အချင်းချင်းပြန်လည်ဖြန့်ဖြူးခြင်းဖြင့် အထွက်နှုန်း တိုးတက်စေရန်ရည်ရွယ်၍စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂- ၂၀၂၃ ခုနှစ်၊ မိုးစပါးဘောင်မျိုး မျိုးစေ့ထုတ်စိုက်ပျိုးခြင်း သရုပ်ပြဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က လောင်းလုံးမြို့ (က) ရပ်ကွက်၊ တောင်သူဦးစိုးနိုင်နှင့်ဦးရဲလင်းတို့၏ လယ်မြေတွင် ပြုလုပ်ဆောင်ရွက် သည်။


အဆိုပါ သရုပ်ဆောင်ရွက်ရာတွင်လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်က တောင်သူများမျိုးစေ့ထုတ်ခြင်းကြောင့် အထွက်တိုးနှုန်း နှင့်ပတ်သက်၍မှာကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဦးစီးမှူး ဦးတိုးလွင်က ဘောင်မျိုးစေ့ စိုက်ပျိုးရာတွင် စိုက်ပျိုးနည်းစနစ်မှန်ကန်ခြင်း၊ ဖျက်ဆီးတတ်သော ပိုးမွှားများကြိုတင်ကာ ကွယ်ရေး၊စတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ ကွင်းဆင်းကြည့်ရွုစစ်ဆေးခြင်းနှင့် ပညာပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားသည်။


ဆက်လက်၍ ဘောင်မျိုးမျိုးစေ့ထုတ်သရုပ်ပြခြင်းကို လက်တွေ့သရုပ်ပြခြင်းများ ပြုလုပ်ဆောင် ရွက်သည်။


အဆိုပါ ဘောင်မျိုးမျိုးစေ့ထုတ်ဆောင်ရွက်ရာ၌ တနင်္သာရီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့တာဝန်ခံ ဦးမြမောင်၊ လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးအောင်ထိုက်၊မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးတိုးလွင် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့အစည်းများနှင့် တောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - သိန်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)