ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု ၅၃၀၄၃၃ ဦးထိုးပေးနိုင်ပြီဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု ၅၃၀၄၃၃ ဦးထိုးပေးနိုင်ပြီဖြစ်

 


MNP - ဇွန်   ၆


မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ဇွန် ၆ ရက်နံနက်ပိုင်းအချိန်ထိ ၅၃၀၄၃၃ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများထံက သိရသည်။


ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပေးနိုင်ရန် ကျောက်ပန်းတောင်းမြို့နယ်၊ညောင်ဦးမြို့နယ်တို့တွင် သတ်မှတ်စုရပ်နေရာနေရာအသီးသီး၌ ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် ကိုဗစ်၁၉ရောဂါကာကွယ် ဆေးထိုးပြီးသူ ၂၆၂၀၂၆ဦး ထိုးနှံပေးပြီးဖြစ်ကာ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်ကူးစက်ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်မှု၂၆၈၄၀၇ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကာညောင်ဦးခရိုင်တွင် ကိုဗစ်ရောဂါကာကွယ်ဆေး ၅၃၀၄၃၃ဦးထိုးပေးနိုင်ပြီဖြစ်ကြောင်း ဝေးလံသည့်ဒေသများနှင့် လာရောက်ဆေးထိုးရန် မလွယ်ကူသည့် နေရာဒေသများသို့လည်း နယ်လှည့်ကိုဗစ်ကာကွယ်ဆေးထိုးအဖွဲ့များဖြင့် သွားရောက် ထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်ထံက သိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)