မိုးညှင်းတက္ကသိုလ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့်ကျောင်းသားကျောင်းသူများ ဆုများချီးမြှင့်သည့် အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းတက္ကသိုလ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့်ကျောင်းသားကျောင်းသူများ ဆုများချီးမြှင့်သည့် အခမ်းအနား ကျင်းပ

 


MNP - ဇွန်   ၆


ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်၌ ၂၀၂၂ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့ အထိမ်းအမှတ်အဖြစ် တက္ကသိုလ်အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ များအား ဆုများချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲက ရတနာခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ အခမ်းအနားတွင် တက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာနိုင်နိုင်လတ်က အဖွင့်အမှာစကား ပြောကြားရာတွင် “တစ်ခုတည်းသော ကမ္ဘာမြေကြီးဟာ သက်ရှိတွေနေထိုင်ကြတဲ့ တစ်ခုတည်းသော အိမ်ဖြစ်ပါတယ်။ အဲ့ဒီလို အိမ်ကိုကာကွယ်ရမယ်ဆိုရင် တာဝန်ရှိသူတွေက ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို တိုက်ဖျက်ရာမှာဖြစ်ပါတယ်။ အဲ့ဒီပြဿနာတွေကတော့ ကမ္ဘာမြေကြီးမှာရှိတဲ့ ရေထု၊ လေထု၊ မြေထုနှင့် ဇီဝထုကြီးတွေဖြစ်ပါတယ်။ ညှစ်ညမ်းမှု အမျိုးမျိုးတွေက ကမ္ဘာမြေကြီးကိုဖျက်စီးစေပြီး လူတိုင်းလူတိုင်းမှာ တာဝန်ရှိကြတဲ့အတွက်ကြောင့် ကမ္ဘာမြေကြီးကို သန့်ရှင်းသာယာလှပအောင် တာဝန်ရှိသူများနဲ့ဝိုင်းဝန်းပူးပေါင်း၍ အတူတူကြိုးစား ကြပါစို့ဟု” တိုက်တွန်းပြောကြားသည်။


ဆက်လက်၍ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဝင်းက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံနှင့် ဆုပေးအပ်ပွဲ အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ်၏ အမှုဆောင်ညွှန်ကြားရေးမှူးပြောကြားထားသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဗီဒီယိုကို ပြသခဲ့သည်။


ထို့နောက် မေလ(၃၁)ရက်နေ့တွင် ကျင်းပခဲ့သည့် မြန်မာဘာသာဖြင့် “တစ်ခုတည်းသော ကမ္ဘာမြေ” ခေါင်းစဉ်နှင့် အင်္ဂလိပ်ဘာသာဖြင့် “Only One Earth” ခေါင်းစဉ်များဖြင့် တက္ကသိုလ်အဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခဲ့ကြသည့် ဆုရကျောင်းသား ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - ဇွဲသူရအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)