ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲကျင်းပ


MNP ၊ ဇွန် ၇

၂၀၂၂ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၉) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့အောင်သံ လွင်အားကစားကွင်း၌ ကျင်းပသည်။

ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဘေားလုံးအားကစားနည်းဖြင့် မိမိတို့မြို့နယ်၊ ပြည်နယ်၊ နိုင်ငံ၏ဂုဏ်ကိုဆောင်နိုင်သူများဖြစ်ကြစေလိုကြောင်း၊ ယခုပြိုင်ပွဲမှထူးချွန်ထက်မြက် သည့်အားကစားသမားများကိုရွေးချယ်၍ နေပြည်တော်တွင်ကျင်းပမည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉)နှစ်အောက် ဘောလုံးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း၊‌ရွေးချယ်ခံ ရသောအားကစားသမားများအနေဖြင့် မိမိတို့၏ဘောလုံး အားကစားစွမ်းဆောင်ရည်ဖြင့် ကရင်ပြည် နယ်၏ ဂုဏ်ကိုမြှင့်တင်ပေးနိုင်ကြသူများဖြစ်ကြစေလိုကြောင်း ပြောကြားပြီး ပြိုင်ပွဲအားဖွင့်လှစ်ပေး သည်။

အဆိုပါပြိုင်ပွဲကို ပြည်နယ်အတွင်းရှိ မြို့နယ်(၇)မြို့နယ်မှပြိုင်ပွဲဝင်အသင်း(၇)သင်းဝင်ရောက် ယှဉ်ပြိုင်ကစားခဲ့ကြပြီး အဖွင့်ပွဲစဉ်အဖြစ် ကော့ကရိတ်မြို့နယ် ဘောလုံးအသင်းနှင့်လှိုင်းဘွဲမြို့နယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြပြီး အဆို ပါပွဲစဉ်တွင် လှိုင်းဘွဲမြို့နယ်အသင်းက တစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သတင်းရသည်။


သတင်း - စောမျိုးမင်းသိန်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)