ကရင်ပြည်နယ်ဝန်ကြီးချုပ် ဇွဲကပင်အားကစားကွင်း အဆင့်မြှင့်တင်ခြင်း တည်ဆောက်ရေးလုပ်ငန်းများအား စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဇွဲကပင်အားကစားကွင်း အဆင့်မြှင့်တင်ခြင်း တည်ဆောက်ရေးလုပ်ငန်းများအား စစ်ဆေး


MNP ၊ ဇွန် ၇

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ လှာကမြင် (ကွက်သစ်)ရှိ ဇွဲကပင်အားကစားကွင်း အဆင့်မြှင့်တင်ခြင်း တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇွဲကပင်အားကစားကွင်းအဝင် ခရေ(၂)လမ်းအား ရေစီးရေလာ ကောင်းမွန်ရေးနှင့် နိုင်လွန်ကတ္တရာ(AC)ခင်းနိုင်ရေး ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာ ကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇွဲကပင်အားကစားကွင်း အဆင့်မြှင့်တင်ခြင်းတည်ဆောက်ရေး လုပ်ငန်းများဖြစ်သော အနောက်ဘက်ပွဲကြည့်စင် (၄၈၀ ပေ x ၆၀ ပေ)၊ တောင်ဘက်ပွဲ ကြည့်စင်(၂၈၀ ပေ x ၃၅ ပေ)၊ အရှေ့ဘက်ပွဲကြည့်စင်(၄၄၀ ပေ x ၃၅ ပေ)၊ မြောက်ဘက်ပွဲကြည့် စင်(၂၈၀ ပေ x ၃၅ ပေ)၊ မီတာ ၄၀၀ Synthetic ပြေးလမ်းခင်းခြင်း အစရှိသော တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များလမ်းညွှန် မှာကြားခဲ့သည်။


သတင်း - စောမျိုးမင်းသိန်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)