မွန်ပြည်နယ်ငါးလုပ်ငန်းစခန်းသို့ စိုက်ပျိုးရေးသိပ္ပံ(သထုံ)မှ ကျောင်းသားကျောင်းသူများ လာရောက်လေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ငါးလုပ်ငန်းစခန်းသို့ စိုက်ပျိုးရေးသိပ္ပံ(သထုံ)မှ ကျောင်းသားကျောင်းသူများ လာရောက်လေ့လာ





MNP ၊  ဇွန်   ၂၂

မွန်ပြည်နယ်၊ သထုံမြို့ရှိ ပြည်နယ်ငါးလုပ်ငန်းစခန်း၏ ငါးမွေးမြူခြင်းနှင့် ငါးသားပေါက်ထုတ်လုပ်ခြင်း လုပ်ငန်းတို့ကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးသိပ္ပံ(သထုံ)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးကြီး ဒေါ်မို့မို့ထွေးဦးဆောင်သည့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်သူများတို့မှ လေ့လာရေးခရီးအဖြစ် လာရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။


‌လာရောက်လေ့လာရာတွင် မွန်ပြည်နယ်ငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးဝင်းဗိုလ်က ငါးလုပ်ငန်းစခန်း၏ တည်နေရာ၊ စခန်း၌ ထုတ်လုပ်ဖြန့်ဖြူးလျှက်ရှိသည့် ငါးအမျိုးအစားများ၊ ယခုနှစ် ထုတ်လုပ်ရန်လျှာထားမှုနှင့် ငါးမျိုးစိုက်ထည့်ပေးမှု၊ ငါးလုပ်ငန်းစခန်း၌ ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင်းစဉ် (GAqP Modern Farm) ဆောင်ရွက်ထားရှိမှု၊ ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူထားရှိမှုနှင့် ငါးလုပ်ငန်းသင်တန်းကျောင်းဖွင့်လှစ်ဆောင်ရွက်မှုတို့ကို ရှင်းလင်းပြောကြားပြီး ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမင်းမင်းက ရေသယံဇာတထိမ်းသိမ်းခြင်းဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး‌ဆွေးနွေးပြောကြားသည်။


ယင်းနောက် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့် ပြည်နယ်ငါးလုပ်ငန်းစခန်းမှတာဝန်ရှိသူတို့က ငါးဆေးထိုးသားဖောက်ခြင်း၊ မျိုးငါးကြီးများ ပြုစုစောင့်ရှောက်ခြင်း၊  ငါးသားဖောက်ရုံနှင့် ငါးမှုံငါးသန် ပြုစုထုတ်လုပ်ခြင်း စသည်တို့ကို လက်တွေ့လိုက်လံပြသရာ ဆရာ/ဆရာမများများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၇၀ ကျော်တို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာကြပြီး သိလိုသည်တို့ကို မေးမြန်းခဲ့ကြကြောင်း သိရသည်။


သတင်း - နဒီ

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)