လောင်းလုံးမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လောင်းလုံးမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ








MNP-  ဇွန်   ၁၀


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်တွင် သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပြတ်တည်တံ့ရေး၊ သက်ရှိလူးသားများ၏ ပတ်ဝန်းကျင် တည်တံ့ကောင်းမွန်ရေး၊ သစ်တောသစ်ပင်များ စိုက်ပျိုးခြင်းကြောင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးကို အထောက်အကူပြုသလို သာယာလှပပြီးရာသီဥတုပြောင်းလဲမှုကို တစ်ဖက်တစ်လမ်းမှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီ ခွဲအချိန်တွင် လောင်းလုံးမြို့၊ (က)ရပ်ကွက်၊ သမဝါယမရုံးဝင်းတွင်ပြုလုပ်သည်။


ရှေးဦးစွာ လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးအောင်ထိုက်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးအောင်ကျော်ဦး၊ မြို့နယ်စီမံအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများထံသို့ စိုက်ပျိုးမည့် ပျိုးပင်များကို လောင်းလုံးမြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဦးစံသိန်းက ပေးအပ်ခဲ့သည်။


ထို့နောက် လောင်းလုံးမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးအောင်ထိုက်၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးအောင်ကျော်ဦးနှင့်အဖွဲ့များက ပျဉ်ကတိုး( ၂၅၀)ပင်၊ မဟော် ဂနီ(၃၀၀)ပင်၊ ဂန့်ကော်( ၁၅၀) ပင်၊ ခရေ (၁၀၀)ပင်နှင့် မန်ဂျန်ရှား( ၂၀၀)ပင်၊ စုစုပေါင်း (၁၀၀၀)ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။


သတင်း- သိန်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)