ကျောက်ဆည်မြို့၌ စည်ပင်သာယာရေးအဖွဲ့မှ မြို့ဖွံ့ဖြိုးတိုးတက်စေရေး မြို့တွင်းလမ်း(၃)လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်များဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့၌ စည်ပင်သာယာရေးအဖွဲ့မှ မြို့ဖွံ့ဖြိုးတိုးတက်စေရေး မြို့တွင်းလမ်း(၃)လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်များဆောင်ရွက်

 


MNP - ဇွန်   ၂၂


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် စည်ပင်သာယာရေးနယ်နမိတ်အတွင်း မြို့ဖွံ့ဖြိုးတိုးတက်စေရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် မြို့တွင်းလမ်း(၃)လမ်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။


အဆိုပါလမ်းများမှာ အရှည်(၇၀၀)ပေ၊ အကျယ်(၁၈)ပေ၊ ထု(၉)လက်မရှိ ကြက်မင်းတွန်မြို့ပတ်လမ်းပိုင်း၊ အရှည်(၁၂၃၅)ပေ၊ အနံ(၁၈)ပေ၊ ထု(၉)လက်မရှိ ဖောင်ရွာ၊ တောင်နံ့သာ၊ ငှက္ကတောင်လမ်းပိုင်း၊ အရှည်(၁၃၈၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၉)လက်မရှိ မင်းမွေးတောင်လမ်းပိုင်းတို့ ဖြစ်ကြောင်း သိရှိရသည်။


ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာလှပရေးအတွက် လိုအပ်ချက်ရှိသည့် လမ်းပိုင်းများ၊ တံတားများ၊ ရေနုတ်မြောင်းများအား ပြုပြင်ပေးခြင်း၊ လမ်းဘေးဝဲ/ယာ များတွင် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်း လမ်းမီးတိုင်များနှင့် မီးလုံးများအား အသစ်ပြောင်းလဲပေးခြင်း အရိပ်ရအပင်များနှင့် ပန်းအပင်များစိုက်ပျိုးခြင်း စသည့်လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)