ကလိန်အောင်မြို့ ရာဖူးကျေးရွာ၌ မိုးရာသီ အရိပ်ရသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလိန်အောင်မြို့ ရာဖူးကျေးရွာ၌ မိုးရာသီ အရိပ်ရသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

 





MNP - ဇွန်   ၂၂


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ရာဖူးကျေးရွာ ရေး-ထားဝယ်သွား ကားလမ်းနံဘေးရှိ ဘုရားကုန်းပေါ်၌ ယနေ့နံနက် ၇ နာရီက ကလိန်အောင်မြို့သစ်တောဦးစီးဌာနမှ ကြီးမှူး၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေ‌စေရေးအတွက် ၂၀၂၂ ခုနှစ်  မိုးရာသီ အရိပ်ရသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပကြောင်း သိရသည်။


အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ကလိန်အောင်မြို့ သစ်တော်ဦးစီး‌ဌာနမှ တာဝန်ခံဦးခင်စိန်နှင့် ဝန်ထမ်းများ၊ ရာဖူးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးနှင့် ကျေးရွာသူ၊ ကျေးရွာသား (၃၀)ဦးခန့်က ရာဖူးကျေးရွာရေး-ထားဝယ်သွား ကားလမ်းနံဘေးရှိ ဘုရားကုန်းပေါ်၌ ကံ့ကော်အပင်-၁၀၀၊ ခရေအပင်-၁၅၀ စုစုပေါင်း အရိပ်ရ အပင် ၂၅၀ ပင်ကို စုပေါင်း၍ စိုက်ပျိုးကြကြောင်း သိရသည်။


သတင်း - ခင်ခင်လဲ့


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)