ပေါက်တောမြို့နယ်၌ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ်၌ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ


MNP ၊  ဇွန်  ၁၄

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးပညာသင်ကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများကို ယနေ့ နံနက် (၁၀)နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကိုသက်ဆိုင်ရာစုရပ်နေရာများတွင် ထိုးနှံပေးလျက်ရှိသည်။ 

ထိုသို့ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/သူ များအား (Sinopharm)အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံ ပေးလျက်ရှိပြီး၊ ဆေးထိုးနှံပြီးသည့်သူများကိုမိနစ်(၃၀)ခန့်စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွါခွင့်ပြုကြောင်း သိရသည်။

 ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးလာရောက်ထိုးနှံခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများကို သက်ဆိုင်ရာပုံစံမှာ ဖြည့်သွင်းရေးခိုင်းပြီး၊  မိဘအုပ်ထိန်းသူများ၏ သဘောတူညီချက်ဖြင့်ထိုးနှံပေးလျက်ရှိသည်။ 

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့အထိ မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိကျောင်းသား/ကျောင်းသူစုစုပေါင်း(၈၄၉၈)ဦးလာရောက်ထိုးနှံပေးနိုင်ခဲ့ပြီး၊ ကျန်ရှိသော ကျောင်းသား/သူများကိုသတ်မှတ်ထားသော အခြေခံပညာကျောင်းများရှိ စုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကိုအဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊  မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းများကဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)