ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူသွားကားလမ်း ဘေး၌ ဖွင့်လှစ်ထားသည့် “ချမ်းမြေ့ဝတီ”စက်သုံးဆီအရောင်းဆိုင်မှ ရွှေငွေလက်ဝတ်ရတနာများအား အကြမ်းဖက်သမား ၄ ဦးက လုယက်ယူဆောင်ကာ အမျိုးသားတစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူသွားကားလမ်း ဘေး၌ ဖွင့်လှစ်ထားသည့် “ချမ်းမြေ့ဝတီ”စက်သုံးဆီအရောင်းဆိုင်မှ ရွှေငွေလက်ဝတ်ရတနာများအား အကြမ်းဖက်သမား ၄ ဦးက လုယက်ယူဆောင်ကာ အမျိုးသားတစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်


MNP ၊ ဇွန် ၁၄

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူသွားကားလမ်း ဘေး၌ ဖွင့်လှစ်ထားသည့် “ချမ်းမြေ့ဝတီ”စက်သုံးဆီအရောင်းဆိုင်မှ ရွှေငွေလက်ဝတ်ရတနာ ခန့်မှန်းတန်ဖိုးကျပ်သိန်း ၂၄၀ ခန့်အား အကြမ်းဖက်သမား ၄ ဦးက လုယက်ယူဆောင်ကာ အမျိုးသားတစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၃ ရက် ည ၈ နာရီ ၅ မိနစ်အချိန်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြခတ်ချောင်းကျေးရွာအုပ်စု ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူသွား ကားလမ်းဘေး ကြာအင်းဆိပ်ကြီးမြို့ အထွက်၌ ဖွင့်လှစ်ထားသည့် “ချမ်းမြေ့ဝတီ” စက်သုံးဆီအရောင်းဆိုင်သို့ အကြမ်းဖက်သမား ၄ ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဆီအရောင်းဆိုင် ပိုင်ရှင်ဖြစ်သူ ဦးချစ်အောင်နှင့် မိသားစုဝင်များအား သေနတ်ပြခြိမ်းခြောက်ကာ ထိုင်ခိုင်ထားပြီး ဦးချစ်အောင်အား ရိုက်နှက်၍ ရွှေ၊ငွေနှင့် လက်ဝတ်ရတနာများ ထုတ်ပေးရန် ပြောဆိုသဖြင့် ဦးချစ်အောင်မှ ၎င်းတို့ပိုင်ဆိုသည့် ရွှေလက်ကောက် ၂ ကွင်း၊ ရွှေလက်စွပ် ၂ ကွင်း၊ ပလက်တီနမ် ဆွဲကြိုး တစ်ကုံး၊ စိန်လက်စွပ် တစ်ကွင်း(လက်ဝတ်ရတနာစုစုပေါင်းခန့်မှန်းတန်ဖိုး ၂၃၀ သိန်းခန့်) နှင့် ငွေ ၁၀ သိန်းကျပ်တို့အား ထုတ်ပေးခဲ့ရာ အကြမ်းဖက်သမားများက ယူဆောင်သွားပြီး ဦးချစ်အောင်၏ ယောက်ဖတော်စပ်သူ ဦးအေးဝင်းနိုင် (၄၅)နှစ် (ဘ)ဦးချမ်းအေးအား သေနတ်ဖြင့် ပစ်ခတ်ကာ နေအိမ်ရှေ့ဝင်ပေါက်၌ လက်လုပ်မိုင်းတစ်လုံးအား ထောင်ထားခဲ့ကာ ၎င်းတို့စီးနင်း လာသည့် ဆိုင်ကယ်ဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ပါသည်။ 

ထိုသို့ အကြမ်းဖက်သမားများ၏ သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် ဦးအေးဝင်းနိုင်တွင် မေးအောက်၊ နှာခေါင်းယာဘက်၊ လည်ပင်းနှင့် ဦးခေါင်းနောက်စေ့တို့၌ ကျည်ဖောက်ဝင်ဒဏ်ရာ ၄ ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ၎င်းတို့ထောင်ထားခဲ့သည့် လက်လုပ်မိုင်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်ရှင်းလင်းခဲ့ကြောင်းနှင့် လုယက်မှုကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)