ဘူးသီးတောင်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား၂၀၂၂-၂၀၂၃ပညာသင်နှစ်ပညာသင်ထောက်ပံငွေနှင့်ကျောင်းသုံး ဗလာစာအုပ်များပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား၂၀၂၂-၂၀၂၃ပညာသင်နှစ်ပညာသင်ထောက်ပံငွေနှင့်ကျောင်းသုံး ဗလာစာအုပ်များပေးအပ်




MNP ၊  ဇွန်  ၁၄

ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community centre ခန်းမ၌ ယနေ့မွန်းလွဲ၂ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းသားသမီးများ အား၂၀၂၂-၂၀၂၃ပညာသင်နှစ်ပညာသင်ထောက်ပံငွေနှင့်ကျောင်းသုံး ဗလာစာအုပ်များပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်အေးအေးအောင်ကဦးစီးဌာန (ရုံးချုပ်)မှ မှုလတန်း၊ အလယ်တန်း၊ အထက်တန်း နှင့် တက္ကသိုလ်တက်ရောက် ပညာသင်ကြားနေသည့် ဝန်ထမ်းများ၏သား၊သမီးများအား တဖက်တလမ်းမှ အထောက်အပံ့ဖြစ်စေရန်ဌ ာနတွင်းဝန်ထမ်းသား၊ သမီးများအား ပညာသင်ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း နှင့် ကျောင်းသား၊ ကျောင်းသူက လူငယ်များအနေဖြင့်ပညာသင်အရွယ်တွင်ပညာများတတ်မြောက်သင်ကြားကြစေရန် ဗဟုသုတကြွယ်ဝကြစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရနှင့် မှန်ကန်သောအသိအမြင်ရရှိစေရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိသည့် မိသားစုဝင်များဖြစ်သည့်အတွက် အသိပညာဗဟုသုတကြွယ်ဝစေရန် အားလပ်ချိန်တွင်ဗဟုသုတရရှိစေမည့် စာပေများဖတ်ကြရန် စာကြည့်တိုက်မှဖိတ်ခေါ်ပါကြောင်းပြောကြားပြီး ဘူးသီးတောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းသား၊ သမီးများအား ဦးစီးဌာန(ရုံးချုပ်)မှ ပညာသင်ထောက်ပံငွေနှင့် ကျောင်းသုံးဗလာစာအုပ်များအား ဦးစီးအရာရှိဒေါ်အေးအေးအောင်နှင့်ဝန်ထမ်းများက ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)