တံတားဦးမြို့နယ်၌ မိုးစပါး တစ်ဧကတင်း(၁၀၀)ထွက်ရှိရေး စံပြကွက် ဧက(၅၀) လျာထားစိုက်ပျိုးမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ်၌ မိုးစပါး တစ်ဧကတင်း(၁၀၀)ထွက်ရှိရေး စံပြကွက် ဧက(၅၀) လျာထားစိုက်ပျိုးမည်

 


MNP - ဇွန်   ၉


ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြူကန်ကျေးရွာ၌ မိုးစပါးတစ်ဧကတင်း(၁၀၀)ထွက်ရှိရေး ဧက (၅၀)လျာထားစိုက်ပျိုးမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ယခင်နှစ်က ပြူကန်ကျေးရွာမှာ မိုးစပါး RS-CS မျိုးစေ့ထုတ်စံပြကွက် ဧက(၂၀) စိုက်ပျိုးခဲ့ပါကြောင်း  ၊ဒါ့အပြင် နွေနှမ်းစံပြကွက်ဧက(၂၀)ကိုလည်း စိုက်ပျိုးခဲ့ပါကြောင်း ယခုနှစ်စိုက်ပျိုးရေ အလွယ်တကူရရှိ တဲ့ ပြူကန်ကျေးရွာကို ဦးစားပေးစိုက်ပျိုးရန် တစ်ဧတင်း(၁၀၀)ထွက်ရှိရေး စံပြကွက်ဧက(၅၀)ကိုတိုး ချဲ့စိုက်ပျိုးမည်ဖြစ်ကြောင်း၊ မိုးစပါးစိုက်ပျိုးမည့်တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသနှင့်ကိုက်ညီမည့်မိုးစပါးတစ်ဧကလျှင်  ဆင်းသုခမျိုးစပါး(၂)တင်းနှုန်း ထောက်ပံ့ပေးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ခေတ္တဦးစီးမှူးဦးမျိုးဇော်ထံမှ သိရသည်။


အဆိုပါ မိုးစပါးစိုက်ပျိုးမည့် တောင်သူများဒေသနှင့်ကိုက်ညီသည့် စပါးမျိုးကေင်းမျိုးသန့်ရရှိရေး၊ ပိုးမွှားအန္တရာယ်ကျရောက်မှု ကြိုတင်ကာကွယ်ရေး၊ မလိုအပ်ဘဲ ပိုးသတ်ဆေးမသုံးစွဲရေး စိုက်ပျိုးနည်းစနစ်များမှတ်ရေးတို့ကို ကွင်းဆင်းအသိပညာပေး ဆောင်ရွက်လျက်ရှိသည်။ တံတားဦးမြို့နယ် ပြူကန်ကျေးရွာတွင် ယခုနှစ်စပါးစိုက်ပျိုးရန် ဧက(၂၀၀၀)လျာထားပြီး တစ်ဧကတင်း(၁၀၀)ထွက်ရှိရေး စံပြ ကွက်(၅၀) စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည် ။


သတင်း - ဦးရဲတင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)