ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် သာသနာရေးဆိုင်ရာ အဆောက်အဦများအား လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများ အသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် သာသနာရေးဆိုင်ရာ အဆောက်အဦများအား လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများ အသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်



MNP ၊ ဇွန် ၂၀

အစွန်းရောက်အကြမ်းဖက်သောင်းကျန်းသူများသည် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာနေသော လမ်းမကြီးများ၊ လမ်းများနှင့် ဌာနဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် ထောင်ကာဖောက်ခွဲခြင်း၊ ပစ်ပေါက်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် သာသနာရေးဆိုင်ရာ အဆောက်အဦများကိုပါ အကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဇွန်လ ၁၉ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ မြို့ပတ်လမ်းရှိ ရွာမပရိယတ္တိစာသင်တိုက်အား မီးပုလင်းဖြင့် ပစ်ခတ်သွားခဲ့ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဆိုင်ကယ်စီးနင်းလာသည့် အကြမ်းဖက်သမား အမျိုးသား ၂ ဦးက အဆိုပါ စာသင်တိုက်ဘေးရှိ မြို့ပတ်လမ်းဘက်မှ မီးပုလင်း ၂ ခုဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့သဖြင့် သုံးထပ်ကျောင်းဆောင်အုတ်နံရံအား ထိမှန်ခဲ့ပြီး ဒုတိယထပ်ရှိ ပြူတင်းပေါက်မှန် ၁ ချပ်ကွဲအက် ပျက်စီးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)